Friday 14 March 2014

တပေါင်းသာခေါင်လများနောင်


တပေါင်သာခေါင်လများနောင်
တပေါင်းသာခေါင်လများနောင်









တန်ပေါင်းလဘွဲ့
'ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ပတ်လည်။
သဇင်ကြွင်းငယ် နှင့်
အင်ကြင်းသန္တာညွန့်ငယ်တို့
ဖူးကွန့်ကိုက်စည်
ဘမ ရာရွှေပိတုန်းငယ်တို့
ချွေသုံးကြဝတ်ရည် ဆွတ်ကြည်ဘွဲ့ဖော် ကွဲ
ယင်းသည့်နေ့ဆိုင်
ရသေ့သူတော်တိုင်မှ
ဉာဏ်မခိုင် ဈာန်ယိုင်လျှောရတယ်၊
ရာသီတွင်ခါညီပြောပေပ ကြော၍သာ မြဲ။
( ကုန်ဘောင်ခေတ် စာဆိုတော်ဦးကြင်ဥ )
တပေါင်းလသည် မြန်မာလများ၏ တစ်ဆယ့်နှစ်လမြောက်ဖြစ်၍ တစ်နှစ်တာ၏ နောက်ဆုံးလဖြစ်သည်။ ဆောင်းကူးနွေစ သာယာလှသော လရာသီဖြစ်သည် ဖေဖော်ဝါရီလနှင့် မတ်လတွင် ကျရောက်လာသည်။ ထို့ကြောင့် နေ့ပူလို့ ညချမ်း၊တပေါင်းလသရမ်းဟု ဆိုထုံးပြုခဲ့ကြသည်။
တပေါင်းလဟုခေါ်တွင်ခြင်းမှာ၂၇ လုံးသောနက္ခတ်များ စုပေါင်းထွက်ပေါ်ခြင်းကြောင့် ၎င်း ထန်းရည်များပေါင်းစပ်ကျိုချက်သဖြင့် ထန်းပေါင်းဟူသော စကားမှရွေ့ရှားလာခြင်းကြောင့်၎င်း တပေါင်းလဟုခေါ် သည်ဟုဆိုသည်။ ဗေဒင်အလိုအားဖြင့်ကား တပေါင်းလသည် မိန်ရာသီဖြစ်၏။ မိန်ရာသီ၏ အရုပ်မှာ ငါး ၂ ကောင်ဖြစ် သည်။ စန်းယှဉ်နက္ခတ်ကား ဥတ္တရ ဘရဂုဏ္ဏီတည်း။ သရဖီကို ရာသီပန်းအဖြစ် အသိအမှတ်ပြုကြ၏။
တပေါင်းလတွင် မြတ်ဗုဒ္ဒနှင့်ပတ်သက်သောထူးခြားသည့်ဖြစ်ရပ်များမှာ

မြတ်စွာဘုရားသည်ရာဇဂြိုဟ်ပြည်ဝေဠုဝန်ကျောင်းတော်၌သီတင်းသုံးနေထိုင်ကာ အင်္ဂတိုင်းသားနှင့်မဂဓတိုင်းသားများကိုတရားရေအေးတိုက်ကျွေးလျက်ရှိပါသည်။

ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြားသိရာ ခေါင်းဆောင်အမတ် ၁၀-ဦးတို့ကို နောက်ပါအခြံအရံ တထောင်စီဖြင့် ၁၀-ကြိမ်ခွဲကာ မြတ်စွာဘုရားကိုပင့်ရန် ရာဇဂြိုဟ်သို့ စေလွှတ်လိုက်ပါသည်။ နောက်ဆုံးအသုတ်ကို ကာဠုဒါယီအမတ်ကြီးက ခေါင်းဆောင်၍ သွားရပါသည်။ မြတ်စွာဘုရားနှင့်တွေ့၍ တရားနာရသောအခါ ကပိလ၀တ်သို့ မပြန်ကြတော့ဘဲ ဘုရားပင့်သွားသူအားလုံး တယောက်မကျန် သာသနာ့ဘောင်သို့ ၀င်ရောက်ပြီး ဧဟိဘိက္ခု ရဟန်းတွေချည်းဖြစ်ကုန်ကြပါသည်။

ရဟန္တာဖြစ်ပြီးနောက် ကာဠုဒါယီမထေရ်က တပေါင်းလ၏ သာယာပုံကို ဂါထာပေါင်း ၆၄-ဂါထာ သီကုံး၍ ခမည်းတော်၏ကျေးဇူးကို သိသောအားဖြင့် ဖွားရာဇာတိ ကပိလ၀တ်နေပြည်တော်သို့ ကြွချိန်တန်ပြီဖြစ်ကြောင်းလျှောက်ထားလေသည်။

ကာဠုဒါယီမထေရ်၏ လျှောက်ထားချက်အရ မြတ်စွာဘုရားသည် ရဟန္တာပေါင်း ၂-သောင်း ခြံရံလျက် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်ကျော် ၁-ရက်နေ့တွင် ရာဇဂြိုဟ်မြို့မှ ယူဇနာ ၆၀-ဝေးကွာသော ကပိလ၀တ်ပြည်တော်သို့ တနေ့လျှင် ၁-ယူဇနာခရီးဖြင့် ရက်ပေါင်း ၆၀- (၂-လကြာမျှ)ဒေသစာရီကြွချီတော်မူပါသည်။
ကာဠုဒါယီမထေရ်ကကပိလ၀တ်နေပြည်တော်သို့ကြွရောက်တော်မူရန်လျှောက်ထား
သည်ကို အကြောင်းပြု၍တန်ပေါင်းလပြည်နေ့ကိုပြည်တော်ဝင်အခါတောနေ့အဖြစ်ကျင်း
ပသည်။

တပေါင်းလ၏ရာသီပွဲတော်သည်သဲပုံစေတီပွဲတော်ဖြစ်သည်။သဲများကိုစုပုံ၍ စေတီအသွင်တည်ကာသဗ္ဗညုမြတ်စွာဘုရားအား ရည်မှန်းထား ၍ ပူဇော်ခြင်းဖြစ်သည်။ သဲပုံစေတီပွဲတော်သည် ဗုဒ္ဒသာသနာ စတင်ထွန်းကားလာချိန်မှပင် ရှိခဲ့သော ပွဲတော်ဟု ယူဆရပေသည်။မြန်မာနိုင်ငံတွင်တပေါင်းလ သို့ရောက်သည့်အခါ မြစ်များ၊ချောင်းများ၌ ရေစစ်ကာသဲခုံသောင်ခုံဖြူဖြူဖွေးဖွေးများပေါ်ထွန်းလာလေ့ရှိသည်။ တောင်သူဦးကြီးတို့သည်လယ်ယာလုပ်ငန်းများမှ အနားယူချိန်လည်းဖြစ်သည်။
ထိုအချိန်တွင် ရှေးမြန်မာမင်းများသည် ထိုသဲပုံစေတီပွဲကို ရာသီပွဲအဖြစ် သတ်မှတ် ကာ ရွှေနန်းတော်ကြီးမှသည်ကျေးလက်တောရွာများအထိခြိမ့်ခြိမ့်သဲဆင်ယင်ကျင်းပခဲ့ကြသည်။
သဲပုံစေတီပွဲတော်သည် ယခုခေတ်၌ ပျောက်ကွယ်လုနီးပါ ရှိလေပြီ။မန္တလေးစသည့် မြန်မာနိုင်ငံ အထက်ပိုင်း မြို့ရွာအနည်းငယ်၌ သာ ကျင်းပတော့သည်။ယခုအခါ သဲပုံ စေတီတော်အစား စေတီပုထိုးများ၌ ဗုဒ္ဒပူဇနိယ ပွဲတော်များကို ကျင်းပ ကြသည်။ ယင်းဘုရားပွဲတော်ကို ’တပေါင်းပွဲ ’ ဟုခေါ်ကြသည်။
ရှေးယခင်က ဥက္ကလာပတိုင်းဟုခေါ်တွင်ခဲ့သော ဒဂုံမြို၏တွင် ရွှေတိဂုံစေတီစတင်တည်
ထားခဲ့သည့်အချိန်မှာ တပေါင်းလဖြစ်သဖြင့်တပေါင်းလပြည့်နေ့တွင်ရွှေတိဂုံဘုရားပွဲတော်ကျင်းပ
သောအလေ့စတင်ခဲ့သည်၊
ရွှေတိဂုံဘုရားနှင့်သမိုင်းနှင့်ပတ်သက်၍အကျဉ်းမျှကိုဖေါ်ပြရမည်ဆိုလျင်

ဒဏ္ဍာရီအဆိုအရ ရွှေတိဂုံစေတီတော်မြတ်ကြီးကို လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က တည်ထားခဲ့ပါတယ် လို့ပြောကြပါတယ်။ ဗိသုကာပညာရှင်တွေကတော့ စေတီတော် ရဲ့ Stupa လက်ရာတွေအရ ၆ ရာစု နဲ့ ၇ ရာစုကြားက မွန်တွေ တည်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။ (မှတ်ချက်။ အမှန်က ယခုဖူးမြင်နေရသော ဥာဏ် တော်အမြင့် ၃၂၀ ပေကျော်မှာ မွန်မိဘုရားကြီးရှင်စောပု လက်ထက်က တည်ထားခဲ့ခြင်းဖြစ်သည်။ အပြင်ပန်း နှင့် ဓါတ်တော်သမိုင်းကို ခွဲခြားသိရန်လိုသည်။)

ရှေးပညာရှိများနှင့် ကျမ်းဂန်အထောက်အထားများအရ ဗုဒ္ဓပရိနိဗ္ဗာန်မပြုခင်ကာလ (BC 486) ကတည်းက တည်ထားခဲ့ကြောင်း သိရပါတယ်။ ဒီစေတီရဲ့ မူလအစကတော့ ရာမညတိုင်းမှ ကုန်သည်နှစ်ဦးဖြစ်တဲ့ တဖုဿ နှင့် ဘလ္လိက ညီနောင်တို့ကို မြတ်ဗုဒ္ဓက ဆံတော်ရှစ်ဆူ ပေးသနားခြင်းမှစခဲ့ပါတယ်။ ညီနောင်နှစ်ပါးဟာ ဥက္က လာပမင်းကြီးရဲ့ အကူအညီနဲ့ သိဂုတ္တရတောင်ပေါ်မှာ ဆံတော် (၄) ဆူကို ရှေးရှေးသော ဘဒ္ဒကမ္ဘာမှ ဘုရား ၃ ဆူရဲ့ ဓါတ်တော်များကိုပါ စုပေါင်းပြီး ရွှေတိဂုံစေတီတော်အတွင်း ဠာပနာသွင်း လှူဒါန်းတည်ထားခဲ့ပါတယ်။

ဓါတ်တော်ကြုတ်ကနေ ဠာပနာဖို့ ဆံတော်ကိုယူတဲ့အခါမှာ မယုံနိုင်သော ထူးခြားဆန်းကြယ်မှုတွေ ဖြစ်ခဲ့ပါ တယ်။

ဗုဒ္ဓ၏ မြင့်မြတ်တဲ့ ဆံတော်ကနေထွက်လာတဲ့ ရောင်ခြည်တော်တွေဟာဆိုရင်ဖြင့် အထက်ဘ၀ဂ်မှအောက်န ရက်၊ ငရဲပြည်အထိတိုင်အောင်ပါဘဲ။ မြတ်ဗုဒ္ဓ၏ တန်ခိုးတော်အစွမ်းသတ္တိတွေကြောင့် မျက်မမြင်တွေ စက္ခု အလင်းပြန်ရခဲ့ကြတယ်။ နားပင်သူတွေ ကြားနိုင်ကြသလို ဆွံ့အသူတွေလည်း ပြန်ကောင်းလာကြပါတယ်။ ကမ္ဘာမြေကြီးသိမ့်သိမ့်တုန်အောင် တုန်လှုပ်ခဲ့ပြီး လေပြင်းမုန်တိုင်းတွေ ပင်လယ်ပြင်မှာ ကျရောက်ခဲ့ပါတယ်။ မေယုတောင်ကြီးတခုလုံး တုန်လှုပ်ခဲ့ပြီး လျှပ်စီးတွေလက်ပါတယ်။ ဒူးထိနစ်အောင်မိုးတွေရွာသွန်းပြီး အချိန်ရာ သီမဟုတ်ဘဲ ဟိမ၀န္တာတောင်တန်းမှ ပန်းပေါင်းစုံ၊ သစ်သီးမျိုးစုံ ဖူးပွင့်၊ သီးလာကြပါတော့တယ်။

သမိုင်းကိုပြန်ကောက်ရရင် မွန်ဘုရင်ဘုရားဦး မတိုင်ခင် လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀ ကဆိုရင် စေတီတော်ဟာ ယိုယွင်းလာခဲ့ပါတယ်။ ယခင်ဥာဏ်တော်ဟာ (၁၈) မီတာ ( ပေ ၆၀ ) သာ ရှိခဲ့ပါတယ်။ ခေတ်အဆက်ဆက်ပြု ပြင်မွမ်းမံခဲ့ရာ ယခုဖူးမြင်နေရသော ဥာဏ်တော်အမြင့် ( ၉၈ မီတာ ) ( ပေ ၃၂၀ ) ဟာ ၁၅ရာစုကမှဖြစ်ပါတယ်။ မွန်ဘုရင့် နိုင်ငံတော်ခေတ်မှာ ကြီးမားတဲ့ စေတီတော်ကြီး နှစ်ဆူဖြစ်တဲ့ ရွှေတိဂုံ နှင့် ရွှေမော်ဓော စေတီတော်ကြီးများကို ပြန်လည်မွမ်းမံတည်နိုင်ခဲ့ကြပါတယ်။

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီဟာ အစပထမက ၂၇ ပေသာ ဥာဏ်တော်အမြင့်ရှိခဲ့ရာမှ မွန်ဘုရင်ဗညားဦးက ၁၃၆၂ မှာ ဥာဏ်တော် ၆၆ ပေထိ မြှင့်တင်တည်ခဲ့ပါတယ်။ ဓမ္မစေတီမင်း ရဲ့ ဆွေတော်မျိုးတော်ကြီးဖြစ်တဲ့ ယောက္ခမတော် ကြီး မိဖုရား ရှင်စောပု ( ၁၄၅၃-၇၂) က ဥာဏ်တော်အမြင့် မီတာ ၄၀ ( ပေ ၁၂၉ ) ကို မြှင့်တင်ခဲ့ပါတော့တယ်။

၁၄၇၂ မှာ မိဖုရားကြီးရှင်စောပု က ဓမ္မစေတီမင်းကို နန်းအပ်ပြီး အငြိမ်းစားယူရန် ဒဂုံ ( ယ္ခု ရန်ကုန် ) ကို ဆင်း လာခဲ့ပါတယ်။ သူမ မသေခင်ခေါင်းချရာနေရာကနေ ရွှေရောင်တ၀င်းဝင်းနဲ့ မြင့်မြတ်တဲ့စေတီတော်ကြီးကို ဖူး မြင်လိုစိတ်ရှိခဲ့ပါတယ်။ ၁၆ ရာစုနှစ်မှာတော့ ရွှေတိဂုံစေတီတော်မြတ်ကြီးဟာ မြန်မာနိုင်ငံအတွင်း လူသိအများ ဆုံး ဘုရားဖူးနေရာဖြစ်လာပါတော့သည်။

မောင်သုညတို့ငယ်ငယ်က တပေါင်းလပြည့် ရွှေတိဂုံဘုရားပွဲနေ့တွင်အိမ်ဘေးမှကစား
ဖေါ်ငယ်သးငယ်ချင်းမောင်ပန်းရဲ့အဖွါးက ကန်တော်ကြီးဇောင်းယခုငါးပြတိုက်ရှိသောနေရာ
(ယခင်က မြိုင်ပြဇာတ်ရုံ ) တည်ရှိခဲ့တဲ့နေရာမှာ ဘုရားဖူးလာတဲ့လးတွေကို ရေခဲရေနဲ့ဆီးသီး
စတုဒီသာကြွေးတာကို နှစ်စဉ်ကူညီပေးခဲ့ရတာမှတ်မိသေးတယ်
တပေါင်းလသာယာပုံနဲ့ပတ်သက်လို့ငယ်ငယ်တုန်းကစာစီစာကုံးရေးခဲ့ရတာတွေကိုလဲပြန်သတိ
ရနေမိပါကြောင်းတင်ပြရင်း ဒီလောက်နဲ့ဘဲ ၁၂ လရာသီဆောင်းပါးကို နောက်ဆုံးလဆောင်းပါး
အဖြစ် မှတ်တမ်းပြုထားလိုက်ပါတယ် ၊
မောင်သုည

No comments:

Post a Comment